Zayyan

Important Differences Between Ancestral Land and Grant Land? – Zayyan

  🔵 ဘိုးဘပိုင်မြေနဲ့ ဂရန်မြေ ဘာကွာလဲ?  ရန်ကုန်မြို့ထဲမှာ အိမ်ခြံမြေဝယ်မယ်ဆိုရင် ကြုံရများတဲ့ မြေအမျိုးအစားက ၃ ခု ရှိပါတယ်။ ဘိုးဘပိုင်မြေ၊ ဂရန်မြေနဲ့ ပါမစ်မြေတွေကို တွေ့ရတတ်ပါတယ်။ ဒီ Post မှာတော့ ဘိုးဘပိုင်မြေနဲ့ ဂရန်မြေက ဘာတွေလဲ ဒီ ၂ ခုက ဘာကွာခြားမှု ရှိလဲ ဆိုတာကို ဖေါ်ပြပေးသွားပါမယ်။  👉 ဘိုးဘပိုင်မြေကို မြေပိုင်မြေလို့လဲ ခေါ်ပါတယ်။ မြေပိုင်မြေဆိုတာကတော့ ဘိုးဘွားအစဉ်အဆက် အဆင့်ဆင့်နေထိုင်လာပြီး သားစဉ်မြေးဆက် ဆက်လက်နေထိုင်ခွင့်ရှိတဲ့ မြေအမျိုးအစားပါ။ ဒီမြေကို မိမိကိုယ်တိုင် အမည်ဖေါက်လို့ ရသလို့ ဒီတိုင်းအရပ်စာချုပ်နဲ့ အဆင့်ဆင့် ပြန်လည်ရောင်းချလို့ ရပါတယ်။ အင်းစိန်မှာ ရှိတဲ ဘိုးဘပိုင်မြေတော်တော်များများက အရောင်းအဝယ်စာချုပ်နဲ့ အဆင့်ဆင့် အရောင်းအဝယ်လုပ်တဲ့ မြေတွေများပါတယ်။ ဘိုးဘပိုင်မြေက […]

Discover More to Buy the Detached House for Rental – Zayyan

🔵 ပြန်ဌားစားလို့ရတဲ့ လုံးချင်းဝယ်ချင်တာလား? ဒီ အချက် ၃ ချက်ကို လေ့လာပြီးမှ ဝယ်သင့်ပါတယ်နော်  လက်ထဲမှာ ငွေအပိုရှိလာလို့ ဒီငွေတွေကို အကျိုးရှိရှိ ရင်းနှီးမြုပ်နှံပြီး ချက်ချင်း Passive Income အနေနဲ့ ငွေပြန်ဖေါ်ချင်တယ်ဆိုရင် ပြန်ဌားစားလို့ ရတဲ့အိမ်ကို ရင်းနှီးမြုပ်နှံ့တာ သင့်တော်ပါတယ်။ ပြန်ဌားစားလို့ ရတဲ့ အိမ်ကို ဝယ်ချင်တယ်ဆိုရင်တော့ ဒီအချက် ၃ ချက်ကို လေ့လာပြီးမှ ဝယ်သင့်ပါတယ်။ (၁) ဒီအိမ်ရဲ့ Location ကသွားလာလို့ လွယ်လား   ဒီရပ်ကွက်ထဲမှာ ဆေးရုံ ဈေး ကျောင်း Shopping Mall တွေရှိလား ဆိုတာကို သိထားဖို့ လိုပါတယ်။ အိမ်ဌားတွေ တော်တော်များများက သွားရေးလာရေးကို ဦးစားပေးတဲ့အတွက် ကိုယ်ဝယ်တဲ့ အိမ်က Location မကောင်းဘူးဆိုရင် […]

Taxes to Know When Buying Grant Land – Zayyan

🔵  ဂရန်မြေ ဝယ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အခွန် ကိစ္စများ အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂရန်မြေတွေကို ဝယ်ယူတဲ့အခါ.. မဖြစ်မနေ ဆောင်ရမဲ့ အခွန် ၂ မျိုးရှိပါတယ်။ ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊ ဒုတိယ တစ်ခုက ဝယ်သူက ဆောင်ရမဲ့ ဝယ်ခွန် ဖြစ်ပါတယ်။ ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖👉 ရောင်းခွန်ကတော့ အိမ်ခြံမြေရောင်းချတဲ့ အခါ ရရှိလာတဲ့ အမြတ်အစွန်းရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးရပါတယ်။ ဥပမာ – ဦးဖြူက မြေကွက်တစ်ကွက်ကို ၂၀၂၀ မှာ သိန်း ၁၀၀၀ နဲ့ ဝယ်ခဲ့တဲ့ မြေကွက်ကို ၂၀၂၄ မှာ သိန်း ၅၀၀၀ နဲ့ ပြန်လည်ရောင်းချခဲ့တယ်ဆိုရင် သူရရှိတဲ့ အမြတ်အစွန်းက […]

5 Important Steps to Follow When Buying a House – Zayyan

🔵 အိမ်တစ်လုံးဝယ်ယူရင် လုပ်ဆောင်ရမဲ့ အဆင့် ၅ ဆင့် နိဒါန်း အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့အချိန်မှာ ရောင်းမှားဝယ်မှားမဖြစ်အောင် လူရောစိတ်ပါနှစ်မြှုပ်ပြီး ပင်ပန်းတတ်ကြပါတယ်။ အထူးသဖြင့် အိမ်ဝယ်မယ်ဆိုရင် ဝယ်ပြီးတာနဲ့ ပြန်လဲလည်လို့မရတဲ့ ပစ္စည်းဖြစ်တာကြောင့် မဝယ်ခင်ကတည်းက အဝယ်မမှားအောင်၊ ဝယ်လိုက်တဲ့ အချိန်မှာလည်း အဆင့်ဆင့်တိုင်းမှာ အမှားအယွင်းမရှိအောင် သတိကြီးကြီးထားပြီး ဝယ်ရပါတယ်။ ဒါကြောင့် အိမ်ဝယ်တဲ့အချိန်မှာ အမှားအယွင်းမရှိအောင် အဆင့်တစ်ဆင့်ချင်းတိုင်းမှာ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို ဒီ Post မှာ ပြောပြပေးသွားပါမယ်။ အိမ်ခြံမြေတစ်ခုဝယ်ယူတော့မယ်ဆိုရင် အဆင့် ၅ ဆင့်ကို တစ်ဆင့်ချင်းစီ လုပ်ဆောင်ရပါမယ်။ အဆင့် ၁။ အိမ်စပြီးမဝယ်ခင် ပြင်ဆင်စရာရှိတာပြင်ဆင်ပါ အိမ်တစ်လုံးဘဲဖြစ်ဖြစ်၊ Condo တစ်လုံးဘဲဖြစ်ဖြစ် ဘာပဲဝယ်ဝယ် မဝယ်ခင်ကတည်းက ကိုယ်ကဘာလိုချင်လဲ၊ ကိုယ့်လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့အရာတွေက ဘာတွေလဲဆိုတာကို သိပြီးမှ ကိုယ်ကဘယ်လိုအိမ်မျိုးကို ရှာရမလဲဆိုတာ […]

How to Choose the Perfect Home for You – Zayyan

🔵 ကိုယ်နဲ့ ကိုက်ညီမယ့် အိမ်တစ်လုံးကို ဘယ်လိုရွေးချယ်မလဲ နိဒါန်း အိမ်ဝယ်တော့မယ်ဆို ရွေးချယ်မှုမှန်ကန်အောင် ပြင်ဆင်သင့်တဲ့အချက်တွေရှိပါတယ်။ ဒါမှလည်း ကိုယ့်ရွေးချယ်မှုက ကိုယ့် Life Style နဲ့ ကိုယ့် မိသားစုအတွက် အကောင်းဆုံးဖြစ်တဲ့အိမ်ကို ရွေးချယ်နိုင်မှာပါ။ ရွေးချယ်မှုမှန်ကန်အောင် ဘာတွေပြင်ဆင်ထားသင့်လဲ? ဘာတွေသိထားသင့်လဲ? ပြီးတော့ ကိုယ်နဲ့ ကိုက်ညီမဲ့ အိမ်တစ်လုံးကို ဘယ်လိုရွေးချယ်ရမလဲ? ဆိုတာတွေကို ဒီ Post မှာ ပြောပြပေးသွားပါမယ်။ ရွေးချယ်မှုမှန်ကန်အောင် ဘာတွေပြင်ဆင်ထားသင့်လဲ? ကိုယ်နဲ့ အသင့်တော်ဆုံး အိမ်တစ်လုံးရှာဖို့အတွက် ပထမဆုံး ဆုံးဖြတ်ရမယ့်ကိစ္စသည် ဝယ်မယ့်အိမ်မှာ မရှိမဖြစ် လိုအပ်တဲ့အရာများ (Must-have Features) နဲ့ လိုချင်တဲ့အရာများ (Nice-to-have Features) ကို သိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်လိုအပ်တာ၊ ကိုယ်လိုချင်တာတွေကို သိထားတယ်ဆိုရင် မိသားစုဝင်အချင်းချင်း […]

Why a Buyer’s Agent is Important in Property Transactions – Zayyan

🔵 ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်ဆိုတာဘာလဲ၊ သူ့ ကိုဘာကြောင့် လိုအပ်တာလဲ နိဒါန်း အိမ်ခြံမြေအရောင်းအဝယ်တစ်ခု အောင်အောင်မြင်မြင် ပြီးမြောက်ဖို့အတွက် ရောင်းသူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်နဲ့ ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင် ဆိုပြီး အကျိုးဆောင် ၂ ယောက်ကပါဝင် ဝန်ဆောင်မှု ပေးလေ့ရှိပါတယ်။ ရောင်းသူကလဲ ရောင်းသူနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေ ရှိသလို ဝယ်သူကလဲ ဝယ်သူနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေရှိပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် အိမ်ခြံမြေအကျိုးဆောင်တွေက သက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးကြပါတယ်။ ဒီ Post မှာတော့ ဝယ်သူကို ကိုယ်စားပြုတဲ့အကျိုးဆောင်ဆိုတာဘာလဲ၊ သူ့ရဲ့ တာဝန်ဝတ္တရားတွေကဘာလဲ၊ Professional ဆန်တဲ့ အကျိုးဆောင်တစ်ယောက်ကို ဘယ်လိုရှာမလဲ ဆိုတာတွေကို ဆွေးနွေးသွားပါမယ်။ ဝယ်သူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်ဆိုတာဘာလဲ? Buyer’s Agent လို့ခေါ်တဲ့ ဝယ်သူကို […]

Important Questions to Ask When Viewing a Home You’re Interested In – Zayyan

🔵 မိမိ စိတ်ဝင်စားတဲ့ အိမ်ကို လူကိုယ်တိုင် သွားကြည့်တဲ့ အခါမေးသင့်တဲ့ မေးခွန်း ၆ ခု နိဒါန်း ကိုယ်စိတ်ဝင်စားတဲ့ အိမ်တွေကို Online မှာရှာတွေ့ သွားပြီ၊ အပြင်မှာ လူကိုယ်တိုင် သွားကြည့်ချင်ပြီဆိုရင် ဒီအိမ်နဲ့ ပတ်သက်တာတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ်… အိမ်ရဲ့အချက်အလက်တွေကို Online မှာအလွယ်တကူ ကြည့်လို့ရတာ မှန်ပေမယ့်လည်း ဒီအိမ်ကိုဝယ်တော့မယ်ဆိုရင် အဝယ်မမှားအောင် မဖြစ်မနေ မေးရမယ့် မေးခွန်းတွေရှိပါတယ်။ ဒီမေးခွန်းတွေကို အိမ်လိုက်ပြတဲ့ အကျိုးဆောင်ကို မေးလို့ ရသလို၊ အိမ်ရှင်ကိုလည်း တိုက်ရိုက်မေးနိုင်ပါတယ်။ ဒီမေးခွန်း ၁၀ ခုကို မေးခြင်းအားဖြင့် မိမိဝယ်ယူမှုသည် မှန်ကန်မှု ရှိမရှိကို သုံးသပ်လို့ရပါတယ်။ အိမ်ပိုင်ရှင်က ဘာကြောင့် ဒီအိမ်ကို ရောင်းချင်တာလဲ အိမ်ပိုင်ရှင်က အိမ်အပိုရှိလို့ရောင်းချင်တာလား၊ […]

Important 6 Questions to Ask Before Working with a Property Agent – Zayyan

🔵 အကျိုးဆောင် တစ်ယောက်နှင့် အလုပ်မလုပ်ခင် သူ့ကို မေးသင့် တဲ့မေးခွန်း ၆ ခု နိဒါန်း အိမ်အရောင်းအဝယ်လုပ်ရတဲ့ ကိစ္စဟာလွယ်ကူကူနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပါဘူး၊ အရောင်းအဝယ် မစခင်ကတည်းက အိမ်ဝယ်သူတစ်ယောက်အနေနဲ့ စိုးရိမ်ရတဲ့ကိစ္စတွေ အများကြီးရှိပါတယ်၊ ဥပမာ – ကိုယ်ဝယ်ချင်တဲ့အိမ်က ဈေးမှန်ပါ့မလား၊ ပိုင်ဆိုင်မှုစာရွက်စာတန်းတွေကရော အရှုတ်အရှင်းကင်းပါ့မလား၊ ကိုယ့်ရွေးချယ်မှုကရော မှန်ကန်ပါ့မလား အစရှိတဲ့ စိုးရိမ်စိတ်တွေရှိတတ်ပါတယ်။ ဒါ့အပြင် ကိုယ်က ပထမဆုံးအိမ်ဝယ်သူ (First-time Home Buyer) ဆိုရင်တော့ အိမ်တစ်လုံးဝယ်ဖို့အတွက် ဘယ်က စလို့ စရမှန်းမသိတာမျိုးတွေရှိပါတယ်။ ဒီလို စိုးရိမ်စိတ်တွေ ပြသနာတွေကို ရင်ဆိုင်ဖို့အတွက် အတွေ့ အကြုံရှိပြီး Professional ဆန်ဆန် ဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်မျိုးနဲ့ ပူးတွဲပြီး အိမ်ဝယ်သင့်ပါတယ်။ Professional ဆန်သော အကျိုးဆောင်သည် […]

5 Important Benefits of Working with a Buyer’s Agent When Buying a Home – Zayyan

🔵 အကျိုးဆောင်နှင့် အိမ်ဝယ်ပါက ရရှိမည့် ကောင်းကျိုး ၅ ခု နိဒါန်း အိမ်ခြံမြေအရောင်းအဝယ်တစ်ခု အောင်မြင်စွာဖြစ်မြောက်ဖို့ အတွက် အကျိုးဆောင် ၂ ဦးပါဝင်လေ့ရှိပါတယ်။ ရောင်းသူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်နှင့် ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်ဆိုပြီး ရောင်းသူဝယ်သူတွေရဲ့ အိမ်ခြံမြေလိုအပ်ချက်တွေအတွက် သက်ဆိုင်ရာဝန်ဆောင်မှုတွေ ပေးလေ့ရှိပါတယ်။ အမှန်ပြောရရင်တော့ အရောင်းအဝယ်တစ်ခုလုံးအောင်မြင်စွာဖြစ်မြောက်ဖို့အတွက် အကျိုးဆောင်တွေကို အမှန်တစ်ကယ်လိုအပ်သလားဆိုတော့၊ မလိုပါဘူး။ အကျိုးဆောင်မပါဘဲ အရောင်းအဝယ်ကို ဖြစ်မြောက်အောင် ဆောင်ရွက်လို့ရပါတယ်။ ဒါဆို အကျိုးဆောင်တွေကို ဘာကြောင့်လိုအပ်သလဲ? မိမိအရောင်းအဝယ်မှာ အကျိုးဆောင်တွေက ဘာတွေကူညီနိုင်သလဲ? ဆိုတာတွေကို အနည်းနဲ့ အများတီးမိခေါက်မိဖို့ လိုပါတယ်။ ဒီ Post မှာတော့ ဝယ်သူဘက်ကနေ ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်ကို ဘာကြောင့်လိုအပ်သလဲဆိုတာကို ဆွေးနွေးသွားပါမယ်။ ဝယ်သူ၏အကျိုးကို ဦးစားပေးသော အကျိုးဆောင်နှင့် ပူးတွဲဆောင်ရွက်ပါ ပထမဦးဆုံးအနေနဲ့ […]