Zayyan

Discover the right and reliable selling price for your property with Zayyan’s help!

📲 အိမ်ခြံမြေရောင်းဖို့အတွက် ကာလပေါက်ဈေး သိချင်တာလား – ဇေယံက အခမဲ့ ကူညီပေးနေပါတယ်နော် 👉 မိမိတို့ရဲ့ အိမ်ခြံမြေတွေကို ရောင်းချတဲ့အခါ ဈေးနှုန်းသတ်မှတ်ဖို့အခက်အခဲရှိနေလား? မိမိတို့ရဲ့ အိမ်ခြံမြေတွေကို ရောင်းချတဲ့အခါ ဈေးနှုန်းသတ်မှတ်ခြင်း သည် အရေးကြီးသော အဆင့်တစ်ခု ဖြစ်ပါတယ်။ ကာလပေါက်ဈေးထက် များပြီး ခေါ်မိတာ (သို့) နည်းပြီး ခေါ်မိတာမျိုး မဖြစ်ရအောင် ဇေယံမှာ အရောင်းအပ်ထားတဲ့ ဒေတာတွေကို အခြေခံပြီး ခန့်မှန်းကာလတန်ဖိုး ဆွေးနွေးခြင်းကို အခမဲ့ ဝန်ဆောင်မှုနေပါတယ်။ ဆက်သွယ်ရန် ဖုန်း – +95 9779753626 အီးမေးလ် – zayyanrealestate@gmail.com လိပ်စာ – နိဗ္ဗိန္ဒလမ်း, အင်းစိန် မြို့။ ဇေယံ၏ ဝန်ဆောင်မှုများ အိမ်ခြံမြေ ဈေးနှုန်းခန့်မှန်းခြင်း ဇေယံတွင် အရောင်းအပ်ထားသော အိမ်ခြံမြေများ၏ ဒေတာများကို အခြေခံပြီး သင့်အိမ်ခြံမြေ၏ ကာလပေါက်ဈေးကို ခန့်မှန်းပေးပါမည်။ နေရာဒေသ၊ […]

Loading

Sell Your Properties Fast with Zayyan – Expert Real Estate Assistance

🔵 အိမ်ခြံမြေတွေ အမြန်ဆုံး ရောင်းထွက်အောင် ဇေယံ အိမ်ခြံမြေက ဘယ်လို ကြိုးစားပေးနေလဲ 👉 ဇေယံမှ သင်တို့အိမ်ခြံမြေတွေကို လိုအပ်ချက် ကိုက်ညီမှုရှိတဲ့ အဝယ်တွေဆီကို ပို့ပြီး ရောင်းချပေးနေသလို Facebookမှာ လူတိုင်းမြင်သာနိုင်အောင် ကြော်ငြာတင်ပြီးတော့လည်း အမြန်ဆုံးရောင်းထွက်ဖို့ ကြိုးစားပေးနေပါတယ်။ အမြန်ရောင်းချလိုတဲ့ အိမ်ခြံမြေတွေရှိရင် ဇေယံကို ဆက်သွယ်လိုက်ပါနော… ဇေယံတွင် အိမ်ခြံမြေ ရောင်းချခြင်း အတွက် အမြန်ဆုံးနည်းလမ်းများ အိမ်ခြံမြေ ရောင်းချခြင်းသည် အချိန်ယူပြီး အခက်အခဲများစွာရှိသော လုပ်ငန်းတစ်ခုဖြစ်နိုင်ပါတယ်။ သို့သော် ဇေယံ အနေဖြင့် သင့်အိမ်ခြံမြေကို ရောင်းချရန် အကောင်းဆုံးနည်းလမ်းများကို ပံ့ပိုးပေးနေပါတယ်။ 1. အဝယ်တွေရဲ့ လိုအပ်ချက်ကိုက်ညီမှုအတိုင်း ပို့ပေးခြင်းဇေယံက သင့်အိမ်ခြံမြေကို လိုအပ်ချက်နှင့် ကိုက်ညီမှုရှိတဲ့ အဝယ်တွေသို့ တိုက်ရိုက်ပို့ပေးသည်။ ဥပမာအားဖြင့် အိမ်အရွယ်အစား၊ ပတ်ဝန်းကျင်အနေအထား၊ ဈေးနှုန်း၊ […]

Loading

North Dagon Township April 2024 Real Estate Market Analysis – Zayyan

🔵 April 2024 အတွက် မြောက်ဒဂုံ အိမ်ခြံမြေ ဈေးကွက် သုံးသပ်ချက် 👉 ၂၀၂၄ ရဲ့ ၃-၄ လ အတွင်း ဖြစ်ပျက်ခဲ့သော မြောက်ဒဂုံ အိမ်ခြံမြေ ဈေးကွက် အခြေအနေ 2024 ခုနှစ်ရဲ့ First Quarter (ပထမဆုံး ၃ လ) မှာ မြောက်ဒဂုံအိမ်ခြံမြေ ဈေးကွက်ရဲ့ ရောင်းလိုအား (Supply) နဲ့ ဝယ်လိုအား (Demand) ကို သုံးသပ်ပေးပါမယ်။ ရောင်းလိုအားအနေနဲ့ကတော့ အရောင်းအသစ်တွေ တော်တော်များများထွက်လာတာကို တွေ့ရပါတယ်။ ဇေယံ ကြော်ငြာပို့စ်တွေကို မြင်ပြီး အရောင်းလာအပ်တာများသလို ဇေယံနဲ့ ချိတ်ဆက်ထားတဲ့ အကျိုးဆောင်တွေမှာလဲ အရောင်းအသစ်တွေ လစဥ်လစဥ် ပိုပိုပြီးများလာတာကို တွေ့ရပါတယ်။ ပုံ – ၁ (မြောက်ဒဂုံမြို့နယ်အတွင်း […]

Loading

Important Benefits of Selling a Home Directly Without an Agent – Zayyan

🔵 အကျိုးဆောင်မသုံးဘဲ ပိုင်ရှင်တိုက်ရိုက်အနေနဲ့ အိမ်ရောင်းမယ်ဆို ရရှိမဲ့ ကောင်းကျိုး ဆိုကျိုးများ နိဒါန်း Commission Fees (ပွဲခ) ပိုင်ရှင်တိုက်ရိုက်ရောင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ အိမ်ရှင်ဘက်ကနေ အကျိုးဆောင်ကို ပွဲခပေးဖို့ ဆန္ဒမရှိလို့ဘဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရောင်းအဝယ်ဖြစ်သွားရင် အိမ်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို အကျိုးဆောင်ရဲ့ ဝန်ဆောင်မှုအတွက် အခကြေးငွေအနေနဲ့ အိမ်ပိုင်ရှင် (ရောင်းသူ) ဘက်ကပေးရလို့ပါ။ အဲ့လိုဆိုတော့ ရောင်းသူဘက်ကနေ အကျိုးဆောင်ခ ၂ ရာခိုင်နှုန်းကို ချွေတာချင်တယ်ဆိုရင်တော့ အကျိုးဆောင်မသုံးဘဲ မိမိအိမ်ကို ကိုယ်တိုင်ရောင်းရခြင်းဖြစ်ပါတယ်။ အချုပ်ပြောရမယ်ဆိုရင်တော့ ပိုင်ရှင်တိုက်ရိုက်ရောင်းရင် ရနိုင်တဲ့ အဓိကကောင်းကျိုးကတော့ အိမ်ရောင်းထွက်သွားရင် အကျိုးဆောင်ခ တစ်ပြားမှမကုန်ဘူးဆိုတဲ့ ကောင်းကျိုးဘဲဖြစ်ပါတယ်။ Pricing Strategy (အိမ်ကိုဘယ်ဈေးနဲ့ ရောင်းရမလဲ?) ပိုင်ရှင်တိုက်ရိုက်ဘဲရောင်းရောင်း အကျိုးဆောင်နဲ့ဘဲရောင်းရောင်း အိမ်ရဲ့ တန်ဖိုးကို အိမ်ပိုင်ရှင်ကဘဲ […]

Loading

Essential Services to Expect from a Seller’s Agent – Zayyan

🔵 ရောင်းသူကို ကိုယ်စားပြုတဲ့ အကျိုးဆောင် ဆီကနေ ဘယ်လိုဝန်ဆောင်မှုတွေ ရသင့်သလဲ ရောင်းသူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်သည် ရောင်းသူရဲ့ အကျိုးတစ်ခုတည်းကိုသာ ဉီးစားပေးဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဉပမာ – ရောင်းသူဘက်က အကောင်းဆုံးဈေးရအောင် အစွမ်းကုန်ကြိုးစားပေးခြင်း၊ စာချုပ်ချုပ်ဆိုရာတွင် ရောင်းသူဘက်မှ နှစ်နာမှုမရှိအောင် အမှားအရွင်းမရှိအောင် ကူညီဆောင်ရွက်ပေးခြင်း၊ အစရှိတဲ့ ရောင်းသူအကျိုးကို ဉီးစားပေးတဲ့ဝန်ဆောင်မှုများကို ဆောင်ရွက်တဲ့ အကျိုးဆောင်ဖြစ်ပါတယ်။ (၁) အိမ်မရောင်းမီ ပြင်ဆင်ရမည့်အရာများကို အကြံပေးကူညီခြင်း (၂) အိမ်ဘယ်လောက်တန်လဲ ဆိုတာကို သိဖို့အတွက် ဈေးကွက်ကို လေ့လာပြီး ကာလတန်ဖိုးကို အကြံပြုခြင်း (၃) အိမ်ဈေးကောင်းရရန်နှင့် ဝယ်သူများစိတ်ဝင်စားမှုများရရန်အတွက် အိမ်ကို Professional Photography နှင့် Video များ အသုံးပြု၍ ကြော်ငြာပေးခြင်း (၄) ထိရောက်တဲ့ Marketing […]

Loading

Important 6 Questions to Ask a Seller’s Agent Before Selling Your Home – Zayyan

🔵 မိမိအိမ်ကို ရောင်းပေးမဲ့ အကျိုးဆောင်ကို မေးသင့်တဲ့ မေးခွန်း ၆ ခု မိမိအိမ်ကို ရောင်းပေးမဲ့ အကျိုးဆောင်သည် တာဝန်ယူမှု အပြည့်အဝရှိတဲ့ သူဖြစ်ရမဲ့အပြင် ရောင်းသူအကျိုးကို ဉီးစားပေးတဲ့ သူမျိုးဖြစ်ရပါမယ်။ Professional ဆန်ဆန်ဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင် ဟုတ်လားမဟုတ်လားဆိုတာကို သိဖို့အတွက် အောက်ပါမေးခွန်းများကို မေးသင့်ပါတယ်။ သဘောကတော့ ကိုယ့်ဘက်က ဒီအကျိုးဆောင်ကို အလုပ်မခန့်ခင် အင်တာဗျူးလုပ်တဲ့ သဘောပါဘဲ။ (၁) ကို…(ဘယ်သူ)…./မ…..(ဘယ်သူ)…. က အချိန်ပြည့် အကျိုးဆောင်လား အချိန်ပိုင်းအကျိုးဆောင်လား? (၂) အခုရောင်းမဲ့အိမ်ကို ဘယ်လိုနည်းနဲ့ ရောင်းထွက်ဖို့ စီစဉ်ထားလဲ၊ ဘယ်လို Marketing Strategy တွေသုံးဖို့ ပြင်ဆင်ထားလဲ? (၃) အိမ််ခြံမြေဝန်ဆောင်မှုကို တစ်ယောက်ထဲတာဝန်ယူဆောင်ရွက်တာလား? အဖွဲ့ (Team) နဲ့ အလုပ်လုပ်တာလား? (၄) ဒီအိမ်ရောင်းထွက်ဖို့အတွက် […]

Loading

Important 3 Disadvantages of Selling Your Home with Multiple Agents – Zayyan

🔵 အကျိုးဆောင်အများကြီးနဲ့ အိမ်ရောင်းပါက ရင်ဆိုင်ရမဲ့ ဆိုးကျိုး ၃ ခု နိဒါန်း မိမိအိမ်ကိုရောင်းတဲ့အခါ ရောင်းသူတော်တော်များများ သတိမထားမိဘဲ လုပ်မိတဲ့ အမှားတစ်ခုရှိပါတယ်။ ဒါကတော့ မိမိအိမ် အမြန်ဆုံးရောင်းထွက်ဖို့အတွက် အကျိုးဆောင်အများကြီးနဲ့ ချိတ်ဆက်ပြီး အိမ်ရောင်းဖို့ကြိုးစားကြတာပါ။ ဟုတ်ပါတယ်… ရောင်းသူဘက်က စဉ်းစားမယ်ဆိုရင် အကျိုးဆောင်များများနဲ့ ချိတ်ဆက်ပြီးရောင်းမယ်ဆိုရင် မြန်မြန်ရောင်းထွက်မယ်လို့ ထင်မြင်ယူဆချက်က မှန်ပါတယ်။ မိမိအိမ်ကြော်ငြာကို လူသိများလေလေ အရောင်းသွက်လေလေပေါ့။ ဒါပေမဲ့ အိမ်ခြံမြေအရောင်းအဝယ်တိုင်းက ရောင်းသူတစ်ဘက်တည်းကိုဘဲ အသားပေးဆုံးဖြတ်ချင်တိုင်း ဆုံးဖြတ်လို့မရပါဘူး။ အရောင်းအဝယ်တစ်ခုမှာ ပါဝင်တဲ့ ဝယ်သူနဲ့ အကျိုးဆောင်တွေက ဘာတွေလုပ်လဲ ဘာတွေ စဉ်းစားလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ ဒီလို ထည့်သွင်းစဉ်းစားမှသာလျှင် ဒီ Post မှာ ဆွေးနွေးမဲ့ ဆိုးကျိုး ၃ ချက်ကို ရှောင်ကြဉ်နိုင်မှာပါ။ ဝယ်သူဘက်မှ သံသယများလာနိုင်ခြင်း […]

Loading

What is Single Agency, and What Are Its Benefits? – Zayyan

🔵 Single Agency ဆိုတာဘာလဲ။ Single Agency အိမ်ရှင်တစ်ယောက်က အကျိုးဆောင်တစ်ယောက်နဲ့ပဲ အိမ်ရောင်းထွက်ဖို့ ပူးပေါင်းဆောင်ရွက်တာကို Single Agency လို့ ခေါ်ပါတယ်။ ဒီအကျိုးဆောင်ကဘဲ ဒီအိမ်ရောင်းထွက်ဖို့ လုပ်ဆောင်ရတဲ့ ကိစ္စရပ်တွေ အကုန်လုံးကို အစအဆုံး တာဝန်ယူဝန်ဆောင်မှုပေးပါတယ်။ အိမ်မရောင်းခင် ပြင်ဆင်ရမဲ့ကိစ္စတွေက စပြီး၊ အိမ်ရောင်းထွက်ဖို့ လုပ်ဆောင်ရတဲ့ Marketing ကိစ္စရပ်များနဲ့ အဝယ်ပြ၊ ရောင်းထွက်ပြီးသွားတဲ့အထိ ဒီအကျိုးဆောင်တစ်ဉီးထဲကပဲ ဝန်ဆောင်မှုပေးတဲ့ ပုံစံကို Single Agency လို့ခေါ်ပါတယ်။ Single Agency ရဲ့ ကောင်းကျိုးတွေကဘာလဲ? (၁) မိမိအိမ်ရောင်းထွက်ဖို့ကို အကျိုးဆောင်ဘက်မှ အပြည့်အဝတာဝန်ယူခြင်း အိမ်ရှင်တစ်ယောက်မှ အကျိုးဆောင်တစ်ယောက်နဲ့ဘဲ အလုပ်လုပ်တဲ့အတွက်၊ အကျိုးဆောင်ဘက်မှ အိမ်ရောင်းထွက်ဖို့အတွက် လုပ်ဆောင်တဲ့ Marketing ကိစ္စရပ်တွေကို ပိုပြီးထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။ (၂) […]

Loading

6 Essential Steps to Prepare Your Home for Sale – Zayyan

🔵 အိမ်တစ်လုံးမရောင်းခင် ပြင်ဆင်စရာလိုအပ်တဲ့ အဆင့် ၆ ဆင့် နိဒါန်း အိမ်ရောင်းတဲ့အခါမှာ ဈေးအများဆုံးရဖို့နဲ့ အမြန်ဆုံးရောင်းထွက်နိုင်ဖို့သည် ရောင်းသူတိုင်း မျှော်လင့်တဲ့အရာတွေဖြစ်ပါတယ်။ ဒီလိုရောင်းထွက်နိုင်ဖို့အတွက် လုပ်ဆောင်ရမဲ့ အဆင့် ၆ ဆင့်ကို ပြောပြသွားပါမယ်။ ဒီအဆင့် ၆ ဆင့်ကို လုပ်ဆောင်ရမဲ့စရင်း (Checklist) အနေနဲ့ အသုံးပြုပြီး တစ်ဆင့်ခြင်း လုပ်ဆောင်သွားမယ်ဆိုရင် အိမ်ရောင်းရတဲ့ ကိစ္စဟာ သင့်အတွက် လွယ်ကူလာပါမယ်။   [ ] (၁) ရောင်းမဲ့ဈေးနှုန်းကို သတ်မှတ်ပါ။ [ ] (၂) ရောင်းမဲ့ အချိန် (Timeline) ကို သတ်မှတ်ပါ။ [ ] (၃) ပိုင်ဆိုင်မှု စာရွက်စာတန်းများ စစ်ဆေးပါ၊ ပြင်ဆင်ပါ။ [ ] (၄) […]

Loading

How to Set the Right Price for Your Home? – Zayyan

🔵 မိမိရောင်းမဲ့အိမ်ကို ဈေးဘယ်လိုသတ်မှတ်မလဲ? မိမိရောင်းမဲ့ အိမ်ရဲ့ ဈေးကိုသတ်မှတ်တဲ့အခါ ဈေးကွက်ကိုလေ့လာပြီး ခေါ်ဈေး (Asking Price) ကို သတ်မှတ်ရပါတယ်။ ကာလပေါက်ဈေးထက် အများကြီးပိုပြီး ဈေးခေါ်တယ်ဆိုရင်တော့ အိမ်ရောင်းထွက်ဖို့ ခက်ခဲနိုင်ချေရှိပြီး ကာလပေါက်ဈေးအောက် ဈေးခေါ်တယ်ဆိုရင် ရောင်းသူဘက်က နှစ်နာတာမျိုးတွေရှိပါတယ်။ ပြီးတော့ ဝယ်သူဘက်ကလဲ ဈေးကွက်ထဲမှာ ရှိတဲ့ အိမ်များစွာကို လေ့လာနေတဲ့အတွက် ရောင်းသူအနေနဲ့ သတိမူရမှာက ဈေးကွက်ထဲမှာ အခြားရောင်းသူများလဲ မိမိနဲ့ ပြိုင်ဆိုင်ပြီး သူတို့အိမ်ကို ရောင်းထွက်ဖို့ ကြိုးစားနေကြပါတယ်။ အဲ့တာကြောင့် မိမိအိမ်ကို မှန်မှန်ကန်ကန် ဈေးသတ်မှတ်ဖို့ လိုပါတယ်။ အိမ်တစ်လုံးတန်ဖိုး ဘယ်လောက်ရှိလဲဆိုတာ သိနိုင်ဖို့ အတွက် နည်းလမ်း ၂ လမ်းရှိပါတယ်။ အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application […]

Loading