Zayyan

Why a Buyer’s Agent is Important in Property Transactions – Zayyan

🔵 ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်ဆိုတာဘာလဲ၊ သူ့ ကိုဘာကြောင့် လိုအပ်တာလဲ နိဒါန်း အိမ်ခြံမြေအရောင်းအဝယ်တစ်ခု အောင်အောင်မြင်မြင် ပြီးမြောက်ဖို့အတွက် ရောင်းသူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်နဲ့ ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင် ဆိုပြီး အကျိုးဆောင် ၂ ယောက်ကပါဝင် ဝန်ဆောင်မှု ပေးလေ့ရှိပါတယ်။ ရောင်းသူကလဲ ရောင်းသူနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေ ရှိသလို ဝယ်သူကလဲ ဝယ်သူနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေရှိပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် အိမ်ခြံမြေအကျိုးဆောင်တွေက သက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးကြပါတယ်။ ဒီ Post မှာတော့ ဝယ်သူကို ကိုယ်စားပြုတဲ့အကျိုးဆောင်ဆိုတာဘာလဲ၊ သူ့ရဲ့ တာဝန်ဝတ္တရားတွေကဘာလဲ၊ Professional ဆန်တဲ့ အကျိုးဆောင်တစ်ယောက်ကို ဘယ်လိုရှာမလဲ ဆိုတာတွေကို ဆွေးနွေးသွားပါမယ်။ ဝယ်သူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်ဆိုတာဘာလဲ? Buyer’s Agent လို့ခေါ်တဲ့ ဝယ်သူကို […]

Important Questions to Ask When Viewing a Home You’re Interested In – Zayyan

🔵 မိမိ စိတ်ဝင်စားတဲ့ အိမ်ကို လူကိုယ်တိုင် သွားကြည့်တဲ့ အခါမေးသင့်တဲ့ မေးခွန်း ၆ ခု နိဒါန်း ကိုယ်စိတ်ဝင်စားတဲ့ အိမ်တွေကို Online မှာရှာတွေ့ သွားပြီ၊ အပြင်မှာ လူကိုယ်တိုင် သွားကြည့်ချင်ပြီဆိုရင် ဒီအိမ်နဲ့ ပတ်သက်တာတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ်… အိမ်ရဲ့အချက်အလက်တွေကို Online မှာအလွယ်တကူ ကြည့်လို့ရတာ မှန်ပေမယ့်လည်း ဒီအိမ်ကိုဝယ်တော့မယ်ဆိုရင် အဝယ်မမှားအောင် မဖြစ်မနေ မေးရမယ့် မေးခွန်းတွေရှိပါတယ်။ ဒီမေးခွန်းတွေကို အိမ်လိုက်ပြတဲ့ အကျိုးဆောင်ကို မေးလို့ ရသလို၊ အိမ်ရှင်ကိုလည်း တိုက်ရိုက်မေးနိုင်ပါတယ်။ ဒီမေးခွန်း ၁၀ ခုကို မေးခြင်းအားဖြင့် မိမိဝယ်ယူမှုသည် မှန်ကန်မှု ရှိမရှိကို သုံးသပ်လို့ရပါတယ်။ အိမ်ပိုင်ရှင်က ဘာကြောင့် ဒီအိမ်ကို ရောင်းချင်တာလဲ အိမ်ပိုင်ရှင်က အိမ်အပိုရှိလို့ရောင်းချင်တာလား၊ […]

Important 6 Questions to Ask Before Working with a Property Agent – Zayyan

🔵 အကျိုးဆောင် တစ်ယောက်နှင့် အလုပ်မလုပ်ခင် သူ့ကို မေးသင့် တဲ့မေးခွန်း ၆ ခု နိဒါန်း အိမ်အရောင်းအဝယ်လုပ်ရတဲ့ ကိစ္စဟာလွယ်ကူကူနဲ့ ပြီးသွားတဲ့ ကိစ္စမဟုတ်ပါဘူး၊ အရောင်းအဝယ် မစခင်ကတည်းက အိမ်ဝယ်သူတစ်ယောက်အနေနဲ့ စိုးရိမ်ရတဲ့ကိစ္စတွေ အများကြီးရှိပါတယ်၊ ဥပမာ – ကိုယ်ဝယ်ချင်တဲ့အိမ်က ဈေးမှန်ပါ့မလား၊ ပိုင်ဆိုင်မှုစာရွက်စာတန်းတွေကရော အရှုတ်အရှင်းကင်းပါ့မလား၊ ကိုယ့်ရွေးချယ်မှုကရော မှန်ကန်ပါ့မလား အစရှိတဲ့ စိုးရိမ်စိတ်တွေရှိတတ်ပါတယ်။ ဒါ့အပြင် ကိုယ်က ပထမဆုံးအိမ်ဝယ်သူ (First-time Home Buyer) ဆိုရင်တော့ အိမ်တစ်လုံးဝယ်ဖို့အတွက် ဘယ်က စလို့ စရမှန်းမသိတာမျိုးတွေရှိပါတယ်။ ဒီလို စိုးရိမ်စိတ်တွေ ပြသနာတွေကို ရင်ဆိုင်ဖို့အတွက် အတွေ့ အကြုံရှိပြီး Professional ဆန်ဆန် ဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်မျိုးနဲ့ ပူးတွဲပြီး အိမ်ဝယ်သင့်ပါတယ်။ Professional ဆန်သော အကျိုးဆောင်သည် […]

5 Important Benefits of Working with a Buyer’s Agent When Buying a Home – Zayyan

🔵 အကျိုးဆောင်နှင့် အိမ်ဝယ်ပါက ရရှိမည့် ကောင်းကျိုး ၅ ခု နိဒါန်း အိမ်ခြံမြေအရောင်းအဝယ်တစ်ခု အောင်မြင်စွာဖြစ်မြောက်ဖို့ အတွက် အကျိုးဆောင် ၂ ဦးပါဝင်လေ့ရှိပါတယ်။ ရောင်းသူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်နှင့် ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်ဆိုပြီး ရောင်းသူဝယ်သူတွေရဲ့ အိမ်ခြံမြေလိုအပ်ချက်တွေအတွက် သက်ဆိုင်ရာဝန်ဆောင်မှုတွေ ပေးလေ့ရှိပါတယ်။ အမှန်ပြောရရင်တော့ အရောင်းအဝယ်တစ်ခုလုံးအောင်မြင်စွာဖြစ်မြောက်ဖို့အတွက် အကျိုးဆောင်တွေကို အမှန်တစ်ကယ်လိုအပ်သလားဆိုတော့၊ မလိုပါဘူး။ အကျိုးဆောင်မပါဘဲ အရောင်းအဝယ်ကို ဖြစ်မြောက်အောင် ဆောင်ရွက်လို့ရပါတယ်။ ဒါဆို အကျိုးဆောင်တွေကို ဘာကြောင့်လိုအပ်သလဲ? မိမိအရောင်းအဝယ်မှာ အကျိုးဆောင်တွေက ဘာတွေကူညီနိုင်သလဲ? ဆိုတာတွေကို အနည်းနဲ့ အများတီးမိခေါက်မိဖို့ လိုပါတယ်။ ဒီ Post မှာတော့ ဝယ်သူဘက်ကနေ ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်ကို ဘာကြောင့်လိုအပ်သလဲဆိုတာကို ဆွေးနွေးသွားပါမယ်။ ဝယ်သူ၏အကျိုးကို ဦးစားပေးသော အကျိုးဆောင်နှင့် ပူးတွဲဆောင်ရွက်ပါ ပထမဦးဆုံးအနေနဲ့ […]

3 Important Things to Know Before Buying a Home – Zayyan

🔵 အိမ်တစ်လုံး မဝယ်ခင် လေ့လာသင့်တဲ့အကြောင်းအရာ ၃ ခု နိဒါန်း အိမ်တစ်လုံး၀ယ်တော့မယ်ဆို ရွေးချယ်မှုမှန်ကန်ပြီး အကောင်းဆုံးဖြစ်စေရန် မ၀ယ်ခင်မှာ ဆင်ခြင်သုံးသပ်သင့်တဲ့ အကြောင်းအရာများစွာရှိပါတယ်။ ဥပမာ – မိမိ၀ယ်မည့်အိမ်သည် မိမိ Life Style (သို့မဟုတ်) မိသားစုနှင့် ကိုက်ညီမှု ရှိမရှိ၊ ၀ယ်မည့်စျေးနှုန်းသည် စျေးကွက်ပေါက်စျေးနှင့် ကိုက်ညီမှု ရှိမရှိ၊ အစရှိတဲ့ အကြောင်းအရာများကို သုံးသပ်ပြီး ဒီအိမ်ကို ၀ယ်သင့်မ၀ယ်သင့်ဆုံးဖြတ်ရပါတယ်။ ဒီလိုဆုံးဖြတ်ချက်များ အမှန်ကန်ဆုံးဖြစ်ဖို့ အတွက် အိမ်တစ်လုံးမ၀ယ်ခင်မှာ လေ့လာသင့်တဲ့ အကြောင်းအရာ ၃ ခု ကို ဒီ Post မှာ ဆွေးနွေးသွားပါမယ်။ မိမိ၀ယ်မည့် အိမ်အကြောင်းကို လေ့လာပါ ဒီအိမ်က မိမိလိုအပ်ချက် (သို့မဟုတ်) မိသားစုလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမှသာလျှင် အိမ်ကို၀ယ်သင့်ပါတယ်။ ထိုသို့ […]