အိမ်ခြံမြေတစ်ခု ဝယ်တဲ့အခါ.. အထူးသဖြင့် ဂရန်မြေတွေကို ဝယ်ယူတဲ့အခါ.. မဖြစ်မနေ ဆောင်ရမဲ့ အခွန် ၂ မျိုးရှိပါတယ်။ ပထမ တစ်ခုက ရောင်းသူက ဆောင်ရမဲ့ ရောင်းခွန် ဖြစ်ပြီး၊ ဒုတိယ တစ်ခုက ဝယ်သူက ဆောင်ရမဲ့ ဝယ်ခွန် ဖြစ်ပါတယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
👉 ရောင်းခွန်ကတော့ အိမ်ခြံမြေရောင်းချတဲ့ အခါ ရရှိလာတဲ့ အမြတ်အစွန်းရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးရပါတယ်။ ဥပမာ – ဦးဖြူက မြေကွက်တစ်ကွက်ကို ၂၀၂၀ မှာ သိန်း ၁၀၀၀ နဲ့ ဝယ်ခဲ့တဲ့ မြေကွက်ကို ၂၀၂၄ မှာ သိန်း ၅၀၀၀ နဲ့ ပြန်လည်ရောင်းချခဲ့တယ်ဆိုရင် သူရရှိတဲ့ အမြတ်အစွန်းက သိန်း ၄၀၀၀ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအမြတ်အစွန်း သိန်း ၄၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း သိန်း ၄၀၀ ကို အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
👉 ဝယ်ခွန်ကတော့ ဝယ်သူဘက်က ဆောင်ရမှာ ဖြစ်ပြီး ပေးဆောင်ရမဲ့ နှုန်းထားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ • ငွေကျပ်သိန်းတစ်ထောင်အထိ ၃ ရာခိုင် နှုန်း။
• ငွေကျပ်သိန်းတစ်ထောင် မှ ငွေကျပ်သိန်း ငါးထောင်အထိ ၅ ရာခိုင်နှုန်း။
• ငွေကျပ်သိန်း ငါးထောင်မှ၊ ငွေကျပ်သိန်း တစ်သောင်းအထိ ၁ဝ ရာခိုင်နှုန်း။
• ငွေကျပ်သိန်းတစ်သောင်း မှ ငွေကျပ်သိန်းတစ်သောင်း ငါးထောင်အထိ ၂ဝ ရာခိုင်နှုန်း • ငွေကျပ်သိန်းတစ်သောင်း ငါးထောင်တစ်ကျပ်နှင့် အထက် ၃ဝ ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဟု သတ်မှတ်ထားပါတယ်။ ဝယ်ခွန်ဆောင်တဲ့အခါမှာ အခွန်သက်သာစေတဲ့ နည်းလမ်းကတော့ ဝင်ငွေရလမ်းကို ဖေါ်ပြနိုင်ပြီး အခွန်ဆောင်ထားတယ်ဆိုရင် တော့ အိမ်ခြံမြေဝယ်တဲ့အခါ ဆောင်ရတဲ့အခွန်က သက်သာပါတယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
👉 ဒီအခွန်ကိစ္စတွေကို ရောင်းသူ ဝယ်သူကြား ရှင်းရှင်းလင်းလင်း ဖြစ်အောင် စရန်စာချုပ် ချုပ်ဆိုကတည်းက ရောင်းသူက ရောင်းခွန်ဆောင် ဝယ်သူက ဝယ်ခွန်ဆောင်ရပါမယ်လို့ အတိအလင်း ရေးသားပြီး စာချုပ်ချုပ်ဖို့ လိုပါတယ်နော်
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…