🔵 CRM စနစ်အမျိုးအစားများ

CRMစနစ်သည် လုပ်ငန်းတစ်ခုရဲ့ ကဏ္ဍအသီးသီးကို နည်းလမ်းအမျိုးအမျိုးဖြင့် အကျိုးပြုပြီး ယေဘုယျအားဖြင့် အမျိုးအစား(၃)မျိုး ရှိပါတယ်။
(၁) Operational CRM (လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ CRM)
အိမ်ခြံမြေရောင်းချမှု၊ Marketingနဲ့ Customers တွေကို ဝန်ဆောင်မှုပေးရတဲ့ နေ့စဥ်လုပ်ငန်းဆောင်ရွက်မှုတွေမှာ အဆင်ပြေချောမွေ့မှုရှိအောင် စီမံခန့်ခွဲပေးပြီး customersတွေနဲ့ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မိဖို့ အဓိကဦးစားပေးတဲ့ အမျိုးအစားဖြစ်ပါတယ်။ (ဥပမာ – online/ဖုန်းကနေတဆင့် ဆက်သွယ်ရရှိလာတဲ့ အဝယ်တွေကို သက်ဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်/ မြို့နယ်အလိုက် အကျိုးဆောင်အသီးသီးဆီကို ခွဲဝေပေးခြင်း၊ ရောင်းသူ/ဝယ်သူဆိုင်ရာ အချက်အလက််တွေကို၊ contact history တွေကို အလွယ်တကူ ကြည့်ရှုလို့ရအောင် တစ်နေရာတည်း ထားရှိခြင်း)
(၂) Analytical CRM (ခွဲခြားဆန်းစစ်ရေးဆိုင်ရာ CRM)
Customers တွေရဲ့ ပုဂ္ဂိုလ်ရေးရာ အချက်အလက်၊ လိုအပ်ချက်၊ ကြိုက်နှစ်သက်မှုတွေအပေါ်မူတည်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ အထောက်အကူပြုတဲ့ အမျိုးအစား ဖြစ်ပါတယ်။ (ဥပမာ – ရောင်းအားပိုမိုမြင့်တင်ပေးမယ့် Marketing strategy တွေချမှတ်နိုင်ဖို့ လက်ရှိမှာ လုပ်ဆောင်နေတဲ့ campaign, promotion postတွေရဲ့ လူကြိုက်နှစ်သက်မှု/စိတ်ဝင်စားမှု အခြေအနေတွေကို လေ့လာအကဲခတ်ခြင်း၊ ဈေးကွက်trend, customersတွေနဲ့ စိတ်ကျေနပ်မှုအခြေအနေတွေကို စစ်တမ်းကောက်ယူပြီး report ပြင်ဆင်ခြင်း၊ ပိုင်းခြားသတ်မှတ်ပြီး ဝန်ဆောင်မှုအပေါ် လိုအပ်တဲ့ ညှိနှိုင်းမှု ပြုလုပ်ခြင်း) ဒီCRM အမျိုးအစားကိုတော့ E-Commerence Platformတွေက အများအားဖြင့် အသုံးပြုကြပါတယ်။
(၃) Collaborative CRM (ပူးပေါင်းဆောင်ရွက်မှု CRM)
လုပ်ငန်းတွင်းမှာရှိတဲ့ အသင်းအဖွဲ့ကြား၊ တစ်ယောက်နဲ့တစ်ယေက် အပြန်အလှန် သတင်းအချက်အလက်တွေမျှဝေနိုင်ဖို့၊ ဆက်သွယ်ချိတ်ဆက်ဖို့နဲ့ Customerတွေကို နှောင့်နှေးမှုမရှိဘဲ အချိန်နဲ့တပြေးညီ တိကျမှန်ကန်နဲ့ ဝန်ဆောင်မှု ခံစားရရှိစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီCRM စနစ်ကိုတော့ လေကြောင်းလိုင်းနဲ့ ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတွေလို လုပ်ငန်းအမျိုးအစားတွေက အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ ပေးပို့ဝေမျှနိုင်ဖို့ အများဆုံး အသုံးပြုကြပါတယ်။
ဒီလို လုပ်ငန်းကို စည်းစနစ်ကျစေခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ထိရောက်မှုရှိခြင်း နဲ့ အလျင်အမြန် တိုးတက်ကြီးထွားလာစေနိုင်တဲ့ အကျိုးကျေးဇူးတွေကြောင့် Customers တွေနဲ့ ခိုင်မာကောင်းမွန် တိုးတက်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အရေးကြီးတဲ့ စနစ်ကို လုပ်ငန်း လိုအပ်ချက်အပေါ် အသုံးပြုနိုင်ပါတယ်။
- CRMစနစ်သည် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဥ်မှာ ထိရောက်မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ အချိန်မှီဆက်သွယ်ချိတ်ဆက်နိုင်ဖို့ကို အထောက်အကူများစွာပြုပြီး (ဆက်ဖတ်ရန် နှိပ်ပါ)……
- အိမ်ခြံမြေလောကသည် အမြဲတမ်း တီထွင်ဖန်တီးမှုများရှိနေပြီး နည်းပညာအသစ်များဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မှု ရှိလာပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
CRM by Zayyan ဆိုတာကို မပြောခင် CRMအကြောင်းကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)......
- +95 9779753626
Find your dream property - smarter, faster, easier!
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…