🔵 အိမ်ခြံမြေလုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်တဲ့ CRMရဲ့ အင်္ဂါရပ် (၅) ခု

နိဒါန်း
CRM (Customer Relationship Management) သည် အိမ်ခြံမြေလုပ်ငန်းတစ်ခုရဲ့ အရောင်း/အဝယ်ဒေတာ ရရှိဖို့၊ Customersတွေနဲ့ လုပ်ငန်းရဲ့ လည်ပတ်မှု လုပ်ဆောင်ချက်တွေကို စီမံခန့်ခွဲရာမျာ အထောက်အကူပြုတဲ့ platformတစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုကောင်းမွန်လာအောင် မြင့်တင်ပေးနိုင်ပြီး အကျိုးပြုတဲ့ အချက်(၅)ချက် ရှိပါတယ်။
(၁) ရောင်းသူ/ဝယ်သူများ အလိုအလျောက်ရရှိခြင်းနှင့် စီမံခန့်ခွဲခြင်း
website၊ Social media တို့လို အမျိုးမျိုးသော channelနဲ့ platforms တွေကနေတစ်ဆင့် အိမ်ခြံမြေရောင်းဖို့/ဝယ်ဖို့ အလားအလာရှိသူတို့နှင့် ချိတ်ဆက်နိုင်ပြီး ၄င်းတို့ လိုအပ်ချက် အမျိုးအစားတူရာအလိုက် ခွဲခြားခြင်းနှင့် အချက်အလက်တွေကို စနစ်တကျ စီမံသိမ်းဆည်းရာမှာ ထိရောက်မှုရှိအောင် CRMက ကူညီပေးနိုင်ပါတယ်။ CRM စနစ်ရှိခြင်းအားဖြင့် ရောင်းသူ/ဝယ်သူ တစ်ယောက်ချင်းစီတို့ရဲ့ အိမ်ခြံမြေ ရောင်းချမှု/ရှာဖွေဝယ်ယူနေမှု အခြေအနေ/ ပြောင်းလဲမှုတွေကို ထိန်းသိမ်းမှတ်တမ်းတင်ပေးထားနိုင်ပြီး အလားအလာရှိတဲ့ အိမ်ခြံမြေဝယ်ယူသူတွေကို မဆုံးရှုံးရလေအောင် ဆက်သွယ်ချိတ်ဆက်ပြီး ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အထောက်အကူပေးနိုင်ပါတယ်။
(၂) Follow up လိုက်ခြင်းနှင့် ထိရောက်ကောင်းမွန်တဲ့ ဆက်သွယ်ရေး ဖြစ်စေခြင်း
Clients တွေရဲ့ ကိုယ်ရေးအချက်အလက်၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ ကြိုက်နှစ်သစ်တဲ့အရာ၊ ၄င်းတို့ရဲ့ အိမ်ခြံမြေ ရှာဖွေဝယ်ယူမှု လုပ်ငန်းစဥ် အစရှိသည်တို့ကို စနစ်တကျ စုစည်းပြီး ထိန်းသိမ်း မှတ်တမ်းတင်ထားတာကြောင့် အချိန်ကုန်သက်သာပြီး နောက်ဆက်တွဲ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဥ်တွေအတွက် အလွယ်တကူ လျင်မြန်စွာ ဆက်သွယ်ချိတ်ဆက်နိုင်ပြီး ပိုမိုကောင်းမွန်ပြီး ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ပါတယ်။
(၃) အလုပ်တာဝန်များ စီမံခွဲခန့်ခြင်းနှင့် ချိန်းဆိုမှုများ စီစဥ်ခြင်း
ကောင်းမွန်တဲ့ အိမ်ခြံမြေ CRMစနစ်မှာဆိုရင် လုပ်ဆောင်ရမယ့် တာဝန်တွေ၊ အိမ်ခြံမြေရှာဖွေဝယ်ယူသူတွေနဲ့ ချိန်ဆိုတွေ့ဆုံမှုတွေအတွက် စီစဥ်ဆောင်ရွက်ရန်လိုအပ်တဲ့အရာတွေကို တစ်နေရာတည်းမှာ မှတ်သားသတိပေးပေးတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်သင့်ပါတယ်။ သို့မှသာ appointment တွေကို မှတ်သားခြင်း၊ လိုက်လံပြသမယ့် အိမ်ခြံမြေတွေကို တကျကြိုတင် စီစဥ်ခြင်းနှင့် လိုအပ်တဲ့ follow up/ ဖုန်းခေါ်ဆိုမှုတွေကို နှောင့်နှေးကြန့်ကြာမှု၊ လွဲချော်မှုမဖြစ်ရလေအောင် စီစဥ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် CRMက လုပ်ငန်းကို ထိရောက်စွာ အချိတ်အဆက်မိမိ လည်ပတ်နိုင်ဖို့ တာဝန်ဝတ္တရားတွေကို ခွဲခန့်ရာမှာ အထောက်အကူပြုပေးနိုင်တဲ့ ကိရိယာတစ်ခုလည်း ဖြစ်ပါတယ်။
(၄) စာရွက်စာတန်းများ သိမ်းဆည်း စီမံခြင်း
အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့အခါ လိုအပ်တဲ့ ပိုင်ဆိုင်မှုစာရွက်စာတန်း၊ အရောင်းအဝယ်စာချုပ်၊ အိမ်ခြံမြေစာရင်းနဲ့ အခြားသော အစီရင်ခံစာ/တင်ပြချက်တွေလို စာရွက်စာတန်းတွေအမျိုးမျိုး ရှိပါတယ်။ CRMက ဒီလိုစာရွက်စာတန်းတွေကို တစ်နေရာတည်းမှာပဲ စည်းစနစ်ကျစွာ ခွဲခြားသိမ်းဆည်းစီမံထားဖို့ ကူညီပေးနိုင်ပါတယ်။ အကျိုးဆောင်နှင့် clientသာ စာရွက်စာတန်းဆိုင်ရာတွေကို ဝင်ရောက် ကြည့်ရှုစစ်ဆေးနိုင်တာကြောင့် စာရွက်စာတန်းတွေ ရှာဖွေရတဲ့ အခက်အခဲမရှိတော့ဘဲ အချိန်သက်သာစွာနဲ့ အရောင်းအဝယ် လုပ်ငန်းစဥ် ထိရောက်မှုရှိဖို့ အထောက်အကူပြုနိုင်တာလည်း ဖြစ်ပါတယ်။
(၅) အိမ်ခြံမြေဈေးကွက် သုံးသပ်ချက်နှင့် တင်ပြချက်များ
CRM က ထည့်သွင်းသိမ်းဆည်းထားတဲ့ ဒေတာ အချက်အလက်တွေအပေါ် အခြေခံပြီး အိမ်ခြံမြေဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ကာလပေါက်ဈေး၊ ရောင်းလိုအား/ဝယ်လိုအား၊ Marketing နည်းဗျူဟာတွေရဲ့ ထိရောက်မှုအခြေအနေ၊ ဈေးကွက်အနေအထားနဲ့ သုံးသပ်ချက်တွေကို ထုတ်ပြန်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒီဆန်းစစ်သုံးသပ်ချက်တွေပေါ်မူတည်ပြီး အိမ်ခြံမြေဝယ်ယူရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့၊ သင့်တော်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းဗျူဟာတွေ ပြောင်းလဲ/ချမှတ်နိုင်ဖို့ အကူအညီပေးပါတယ်။ အကျိုးဆောင်ကုမ္ပဏီတွေအနေနဲ့လည်း လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လုပ်ငန်းစဥ်တွေကို မိုပိုထိရောက်မှန်ကန်မှုရှိပြီး စွမ်းဆောင်ရည်မြင့်မားတိုးတက်လာဖို့ ဈေးကွက်အနေအထားနဲ့ သင့်တော်တဲ့ Marketing strategy တွေ ပြင်ဆင်နိုင်ဖို့ အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် CRMရဲ့ အဓိက အင်္ဂါရပ်တွေဟာဆိုရင် နေ့စဥ်တာဝန်တွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်ရုံသာမက အကျိုးဆောင်တွေရဲ့ အချိန်၊ customers နဲ့ clients တွေအပြင် အိမ်ခြံမြေဝယ်ယူရောင်းချနိုင်ချေရှိတဲ့ အရောင်း/အဝယ်တွေကိုလည်း ထိထိရောက်ရောက် ဆက်သွယ်စီမံနိုင်ဖို့ အကူအညီပေးပါတယ်။ လုပ်ငန်းကို အဆင်ပြေ ချောမွေထိရောက်စွာ လည်ပတ်နိုင်ဖို့အပြင် စွမ်းဆောင်ရည်မြင့်မားစေဖို့ အကျိုးပြုပြီး မိမိတို့ရဲ့ clientတွေကိုလည်း ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှုရရှိစေပြီး ခိုင်မာကောင်းမွန်တဲ့ customer relationship ကို တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။
- CRMစနစ်သည် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းစဥ်မှာ ထိရောက်မှန်ကန်တဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ အချိန်မှီဆက်သွယ်ချိတ်ဆက်နိုင်ဖို့ကို အထောက်အကူများစွာပြုပြီး (ဆက်ဖတ်ရန် နှိပ်ပါ)……
- ယနေ့ခတ်ရဲ့ အပြိုင်အဆိုင်များပြီး ရွေးချယ်စရာများလှတဲ့ အိမ်ခြံမြေ အကျိုးဆောင်လောကမှာ အကျိုးဆောင်တစ်ယောက်က ရေရှည်ရပ်တည်နိုင်ဖို့အတွက််ဆိုရင် (ဆက်ဖတ်ရန် နှိပ်ပါ)……
အောင်မြင်တဲ့ ထိပ်တန်းစာရင်းဝင် အကျိုးဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကံကိုပဲ ပုံအပ်နေလို့မရပါဘူး။ (ဆက်ဖတ်ရန် နှိပ်ပါ)......
- +95 9779753626
Find your dream property - smarter, faster, easier!
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…
Post Views: 18