🔵 CRM ဆိုတာဘာလဲ။ CRM by Zayyan ဆိုတာဘာလဲ။

နိဒါန်း
CRM by Zayyan ဆိုတာကို မပြောခင် CRMအကြောင်းကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ CRMဆိုတာက Customer Relationship Managemnt ရဲ့ အတိုကောက်ဖြစ်ပြီး မိမိတို့လုပ်ငန်းရဲ့ ကုန်စည်/ဝန်ဆောင်မှုကို ဝယ်ယူသူ customers တွေသာမက အနာဂတ်မှာ customers ဖြစ်လာနိုင်ချေရှိသူတွေနဲ့ လုပ်ငန်းကြား ရေရှည်မှာ ပိုမိုပြီး ကောင်းမွန်ခိုင်မာတဲ့ ဆံဆက်ရေး တည်ဆောက်နိုင်ဖို့ လုပ်ဆောင်တဲ့ စီမံမှုစနစ်/နည်းဗျူဟာ (သို့) ဆော့ဖ်ဝဲစနစ်တစ်ခု ဖြစ်ပါတယ်။ ကုန်စည်ထုတ်လုပ်ရောင်းချသူ/ ဝန်ဆောင်မှုပေးသူ လုပ်ငန်းတွေအနေနဲ့ CRMကို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်တွေကတော့ Customers များနှင့် ဆက်ဆံရေးကောင်းမွန်တိုးတက်စေရန်၊ Customers များ၏ လုပ်ငန်းအပေါ် စိတ်ကျေနပ်မှုကို မြင့်တင်ရန်နှင့် ထို့နောက် ရောင်းအားပိုမိုမြင့်တင်ရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ဖြစ်ပါတယ်။ CRMစနစ်ကို အိမ်ခြံမြေ၊ E-commerce၊ ကျန်းမာရေးနဲ့ ငွေးကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်တွေမှာ အသုံးပြုကြပါတယ်။
CRM ရဲ့ အဓိက လုပ်ဆောင်ချက်တွေ အနေနဲ့ကတော့
၁. Customersတွေရဲ့ အချက်အလက်များကို စီမံခန့်ခွဲခြင်း – Customersများနှင့် ဆက်သွယ်ချိတ်ဆက်နိုင်မယ့် အသေးစိတ် ဆက်သွယ်ရန် အချက်အလက်များ၊ ၄င်းတို့၏ ဝယ်ယူမှု လုပ်ငန်းစဥ် မှတ်တမ်းများ၊ ၄င်းတို့နှင့် ဆက်သွယ်မှု မှတ်တမ်းများ အစရှိတဲ့ ဒေတာ အချက်အလက်တွေကို စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်း၍ စီမံခန့်ခွဲပေးပါတယ်။
၂. ရောင်းအားစီမံခန့်ခွဲခြင်း – အရောင်းလုပ်ငန်းစဥ် အသေးစိတ်ကို မှတ်သားခြင်း၊ ရောင်းအဝယ်ဖြစ်နိုင်ချေရှိသူ/ အခွင့်အလမ်းရှိတဲ့အခြေအနေနဲ့ တကယ်အရောင်းဖြစ်သွားတဲ့ အခြေအနေတွေကို စနစ်တကျ မှတ်တမ်းတင် စီမံခန့်ခွဲရာမှာ အထောက်အကူပြုပါတယ်။
၃. ရောင်းအားမြင့်တင်ရာတွင် အလိုအလျှောက် ပံ့ပိုးပေးနိုင်ခြင်း – စနစ်တကျ စီမံသိမ်းဆည်းထားတဲ့ Customers တွေရဲ့ အချက်အလက်တွေကို အခြေခံပြီး Marketing Campaingလုပ်ဆောင်ခြင်း၊ email မှတစ်ဆင့် Marketing ဆင်းခြင်းတို့လို ထိရောက်ပြည့်မီမှုရှိအောင် ပံ့ပိုးကူညီပေးနိုင်ပါတယ်။
၄. Customers များအတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှုပေးခြင်း – Customers တွေ လိုအပ်တဲ့အကူအညီ၊ ကြုံတွေ့ရတဲ့အခက်အခဲနဲ့ တောင်းဆိုတဲ့အရာတွေကို ကူညီကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
၅. သုံးသပ်ချက်နှင့် အစီရင်ခံစာများတင်ပြခြင်း – ဝယ်ယူသူတွေ လိုလားကြိုက်နှစ်သက်ကြတဲ့အရာ၊ ဝယ်လိုအား/ရောင်းလိုအား အခြေအနေနဲ့ ဈေးကွက်အခြေအနေ၊ ကာလပေါက်ဈေးတို့လို အရာတွေကို သုံးသပ်ပေးတာနဲ့ ဈေးကွက်အနေအထား ဖြစ်ပေါ်နေတဲ့အရာတွေပေါ် အစီရင်ခံ တင်ပြရာမှာ လိုအပ်တဲ့ ဒေတာအချက်အလက်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။
CRM စနစ်ကို ဒေတာ/ဖိုင်တွေကို Google Drive, Dropboxတို့လို Server တွေကို အင်တာနက်ကနေတစ်ဆင့် အသုံးပြုသိမ်းဆည်းနိုင်တဲ့ Cloud-based (သို့) ကုမ္ပဏီ/ရုံးခန်းအတွင်း ကိုယ်ပိုင်တပ်ဆင်အသုံးပြုသိမ်းဆည်းကြတဲ့ On-premise တို့အနေနဲ့ အသုံးပြုနိုင်ပြီး အဆင့်မြင့် CRM ဆော့ဖ်ဝဲများဖြစ်ကြတဲ့ Salesforce, HubSpot, Zoho CRM, နှင့် Microsoft Dynamics တို့လို ဆော့ဖ်ဝဲတွေကိုလည်း အသုံးပြုကြပါတယ်။
ဒါကြောင့် CRM by Zayyan ဆိုတာကတော့ ဇေယံအိမ်ခြံမြေမှ အိမ်ခြံမြေအကျိုးဆောင်များနှင့် ဝယ်ယူသူများအတွက် အိမ်ခြံမြေဆိုင်ရာ ဒေတာအချက်အလက်တွေနဲ့ အရောင်းစာရင်းတွေကို စနစ်တကျ သိမ်းဆည်းစီမံပေးထားတဲ့ Application ဆော့ဖ်ဝဲတစ်ခု ဖြစ်ပြီး အသုံးပြုသူ အဝယ်များ၊ အကျိုးဆောင်များရဲ့ အိမ်ခြံမြေဒေတာ ရှာဖွေသိမ်းဆည်းရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ကိုက်ညီမှုရှိတဲ့ အရောင်းစာရင်းတွေ၊ မှန်ကန်တိကျစိတ်ချရတဲ့ အချက်အလက်တွေအပြင် သိရှိဖို့ လိုအပ်တဲ့ ဈေးကွက်အခြေအနေ၊ ကာလပေါက်ဈေးနဲ့ သုံးသပ်ချက်တွေကို မှန်မှန်ကန်ကန်နဲ့ လွယ်ကူမြန်ဆန်စွာ တင်ပြပေးနိုင်ဖို့ အစရှိတဲ့ အသုံးပြုသူများရဲ့ အကျိုးကိုရည်ရွယ်ပြီး တီထွင်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။
- အကျိုးဆောင်တွေအနေနဲ့ CRM စနစ်ကို တည်ဆောက်တဲ့အခါ လိုအပ်ချက် (ဥပမာ – client တွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့၊ အရောင်းအဝယ်လုပ်ငန်းစဥ်တွေကို စစ်ဆေးသုံးသပ်ဖို့၊ (ဆက်ဖတ်ရန် နှိပ်ပါ)……
- အိမ်ခြံမြေလောကသည် အမြဲတမ်း တီထွင်ဖန်တီးမှုများရှိနေပြီး နည်းပညာအသစ်များဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မှု ရှိလာပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
- အိမ်ခြံမြေလုပ်ငန်းတွေမှာ CRM စနစ်ကို အသုံးပြုတဲ့အခါ လုပ်ငန်းရဲ့ အကျိုးသက်ရောက်မှုကို ထိခိုက်စေနိုင်တဲ့ ပြုလုပ်တတ်ကြတဲ့ အမှားတွေနဲ့ ရှောင်ကြဥ်ရမယ့် အချက်တွေရှိပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
- +95 9779753626
Find your dream property - smarter, faster, easier!
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…