အိမ်ရှင်တစ်ယောက်က အကျိုးဆောင်တစ်ယောက်နဲ့ပဲ အိမ်ရောင်းထွက်ဖို့ ပူးပေါင်းဆောင်ရွက်တာကို Single Agency လို့ ခေါ်ပါတယ်။ ဒီအကျိုးဆောင်ကဘဲ ဒီအိမ်ရောင်းထွက်ဖို့ လုပ်ဆောင်ရတဲ့ ကိစ္စရပ်တွေ အကုန်လုံးကို အစအဆုံး တာဝန်ယူဝန်ဆောင်မှုပေးပါတယ်။
အိမ်မရောင်းခင် ပြင်ဆင်ရမဲ့ကိစ္စတွေက စပြီး၊ အိမ်ရောင်းထွက်ဖို့ လုပ်ဆောင်ရတဲ့ Marketing ကိစ္စရပ်များနဲ့ အဝယ်ပြ၊ ရောင်းထွက်ပြီးသွားတဲ့အထိ ဒီအကျိုးဆောင်တစ်ဉီးထဲကပဲ ဝန်ဆောင်မှုပေးတဲ့ ပုံစံကို Single Agency လို့ခေါ်ပါတယ်။
(၁) မိမိအိမ်ရောင်းထွက်ဖို့ကို အကျိုးဆောင်ဘက်မှ အပြည့်အဝတာဝန်ယူခြင်း
အိမ်ရှင်တစ်ယောက်မှ အကျိုးဆောင်တစ်ယောက်နဲ့ဘဲ အလုပ်လုပ်တဲ့အတွက်၊ အကျိုးဆောင်ဘက်မှ အိမ်ရောင်းထွက်ဖို့အတွက် လုပ်ဆောင်တဲ့ Marketing ကိစ္စရပ်တွေကို ပိုပြီးထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။
(၂) ရောင်းသူကိုသာ ကိုယ်စားပြု ဝန်ဆောင်မှုပေးခြင်း
သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…