Zayyan

🔵 ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်ဆိုတာဘာလဲ၊ သူ့ ကိုဘာကြောင့် လိုအပ်တာလဲ

နိဒါန်း

အိမ်ခြံမြေအရောင်းအဝယ်တစ်ခု အောင်အောင်မြင်မြင် ပြီးမြောက်ဖို့အတွက် ရောင်းသူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်နဲ့ ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင် ဆိုပြီး အကျိုးဆောင် ၂ ယောက်ကပါဝင် ဝန်ဆောင်မှု ပေးလေ့ရှိပါတယ်။ ရောင်းသူကလဲ ရောင်းသူနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေ ရှိသလို ဝယ်သူကလဲ ဝယ်သူနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေရှိပါတယ်။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် အိမ်ခြံမြေအကျိုးဆောင်တွေက သက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးကြပါတယ်။

ဒီ Post မှာတော့ ဝယ်သူကို ကိုယ်စားပြုတဲ့အကျိုးဆောင်ဆိုတာဘာလဲ၊ သူ့ရဲ့ တာဝန်ဝတ္တရားတွေကဘာလဲ၊ Professional ဆန်တဲ့ အကျိုးဆောင်တစ်ယောက်ကို ဘယ်လိုရှာမလဲ ဆိုတာတွေကို ဆွေးနွေးသွားပါမယ်။

ဝယ်သူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်ဆိုတာဘာလဲ?

Buyer’s Agent လို့ခေါ်တဲ့ ဝယ်သူကို ကိုယ်စားပြုသောအကျိုးဆောင်သည် ဝယ်သူရဲ့ အကျိုးကိုသာ ဦးစားပေးပြီး ဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အရောင်းအဝယ်ဖြစ်စဥ် အစမှအဆုံး ဝယ်သူရဲ့ ဝယ်ယူမှုဆုံးဖြတ်ချက်မှန်ကန်အောင်၊ ဈေးပိုပေးဝယ်ခြင်းမရှိအောင်၊ ပိုင်ဆိုင်မှုခိုင်မာကြောင်း စာရွက်စာတန်းများ အမှားအယွင်းမရှိအောင်၊ အစရှိတဲ့ ဝယ်သူနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပေးတဲ့ သူက ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်တစ်ယောက်ဖြစ်ပါတယ်။

ဝယ်သူကို ကိုယ်စားပြုတဲ့ အကျိုးဆောင်ကဘာတွေလုပ်လဲ၊ သူ့ရဲ့ တာဝန်ဝတ္တရားတွေကဘာလဲ?

ဝယ်သူကို ကိုယ်စားပြုတဲ့အကျိုးဆောင်တွေပေးတဲ့ ဝန်ဆောင်မှုတွေက ဝယ်သူရဲ့ အိမ်ခြံမြေလိုအပ်ချက်အပေါ်မူတည်ပြီး ကွာခြားမှုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝယ်သူတွေက ပုံစံအမျိုးမျိုးရှိပါတယ်။ တစ်ချို့ ဝယ်သူတွေက First-time Buyer (ပထမဆုံးအိမ်ဝယ်သူ) တွေဖြစ်ပြီး၊ တစ်ချို့တွေက Investors (ရင်းနှီးမြုပ်နှံသူ) များဖြစ်တဲ့အတွက် ဝန်ဆောင်မှုပုံစံတွေကလည်း ကွာခြားပါတယ်။ သို့သော် အခြေခံအားဖြင့် ဝယ်သူကိုကိုယ်စားပြုတဲ့ အကျိုးဆောင်တွေ တာဝန်ယူဆောင်ရွက်တဲ့ ဝန်ဆောင်မှုများကတော့ –

မိမိလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အိမ်မျိုးကို ရှာပေးခြင်း –

ကိုယ်က အိမ်တစ်လုံးဝယ်တော့မယ်ဆို ကိုယ်လိုချင်တဲ့ အိမ်ပုံစံမျိုး၊ တည်နေရာ၊ ရပ်ကွက်အနေအထား၊ အစရှိတဲ့ လိုအပ်ချက်များနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အိမ်ကို ရှာပေးဖို့အတွက် ဝယ်သူကိုကိုယ်စားပြုတဲ့အကျိုးဆောင်မှာ တာဝန်ရှိပါတယ်။

မိမိလိုအပ်ချက်များနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အိမ်များကို List (စာရင်း) လုပ်ပြီး နှိုင်းယှဥ်ပြသခြင်း –

သင့်လိုအပ်ချက်များကို အကျိုးဆောင်က နားလည်ပါက သူ့လက်ထဲမှာရှိတဲ့ အိမ်တွေသာမက သူနဲ့ သိတဲ့ တခြားအကျိုးဆောင်တွေ လက်ထဲမှာရှိတဲ့ အိမ်တွေကိုပါ သုံးသပ်ပြီး သင့်လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်မဲ့ အိမ်များကို List တစ်ခုလုပ်ပြီး သင့်အတွက် အကောင်းဆုံးဖြစ်မယ့် အိမ်မျိုးကို အကြံပေးပါတယ်။

သင်ကြိုက်တဲ့အိမ်တွေ့ပါက ထိုအိမ်ကိုသွားကြည့်ဖို့အတွက် အိမ်ရှင်နဲ့ ချိတ်ဆက်ပေးခြင်း –

အကျိုးဆောင်ပြင်ဆင်ပေးလာတဲ့ List ထဲက အိမ်တွေကို လူကိုယ်တိုင်သွားကြည့်ဖို့အတွက် အိမ်ရှင်နဲ့ ရက်သတ်မှတ်တာတွေ လုပ်ရပါတယ်။

သင်ကြိုက်တဲ့ အိမ်ကို ဈေးပိုမပေးမိအောင် CMA လုပ်ပေးခြင်း –

အိမ်ကိုသွားကြည့်ပြီးသွားပြီ၊ အိမ်ကိုလည်းကြိုက်တယ်ဆိုရင်တော့ ဒီအိမ်ရဲ့ Asking Price (ခေါ်ဈေး) က ကာလပေါက်ဈေးနဲ့ ကိုက်ညီမှုရှိမရှိဆိုတာကို သိဖို့အတွက် CMA – Comperative Market Analysis လို့ခေါ်တဲ့ ဈေးကွက်အတွင်းရှိ ဆင်တူအိမ်များကို သုံးသပ်ပေးရပါတယ်။ ဒါမှလည်း ဒီအိမ်ကို ဝယ်တဲ့အခါ ဈေးပိုပေးပြီး ဝယ်တာမျိုးမဖြစ်အောင် တားဆီးနိုင်မှာပါ။

အရောင်းအဝယ်အစမှအဆုံး အမှားအယွင်းမရှိအောင် သင့်ကိုကူညီပေးခြင်း –

မိမိအကြိုက်ဆုံးအိမ်ကို ရွေးချယ်ပြီး ဝယ်ယူဖို့ဆုံးဖြတ်ပြီးရင်တော့ အရောင်းအဝယ်ဖြစ်မြောက်ဖို့အတွက် ကစာရွက်စာတန်းများ စစ်ဆေးပေးခြင်း၊ သင့်အတွက် အကောင်းဆုံးဖြစ်တဲ့ဈေးရအောင် ညှိနှိုင်းပေးခြင်း၊ ပိုင်ဆိုင်မှုခိုင်မာအောင် ရှေ့ နေများနဲ့ အမည်ပေါက်အမည်ပြောင်းလဲခြင်းများကို တာဝန်ယူဆောင်ရွက်ရပါတယ်။

Professional ဆန်တဲ့ အကျိုးဆောင်တစ်ယောက်ကို ဘယ်လိုရှာမလဲ

ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ အကျိုးဆောင်အကြောင်းကို အသိမိတ်ဆွေတွေကိုမေးပါ –

အသိမိတ်ဆွေတွေက ယုံကြည်ရတဲ့အကျိုးဆောင်၊ သူတို့ကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ အကျိုးဆောင် ရှိလားဆိုတာကို မေးပါ။ အသိမိတ်ဆွေတွေကနေ တစ်ဆင့်ညွှန်းတဲ့ အကျိုးဆောင်တွေရဲ့ ဝန်ဆောင်မှု ကောင်းလားဆိုးလားဆိုတာကို သူတို့ကို မေးပြီးမှ ကိုယ်ရွေးချယ်မယ့် အကျိုးဆောင်နဲ့ အလုပ်လုပ်သင့် မလုပ်သင့်ကို ဆုံးဖြတ်သင့်ပါတယ်။

Facebook (သို့မဟုတ်) Internet မှာ ရှာပါ –

အိမ်ခြံမြေဈေးကွက်ထဲမှာ အကျိုးဆောင်တွေ အများကြီးရှိပါတယ်။ Facebook မှာဆို Page တွေအများကြီးနဲ့ ဝယ်သူအနေနဲ့ဆို ဘယ်သူကို ဘယ်လိုရွေးရမှန်းတောင်မသိတော့ပါဘူး။ အကျိုးဆောင်တွေ အရမ်းများပေမယ့် ဘယ်သူက Professional ဆန်လဲ ဘယ်သူက Professional မဆန်ဘူးလဲ ဆိုတာကို Facebook Page ကနေတစ်ဆင့် အကဲခတ်လို့ရပါတယ်။ ရွေးချယ်သင့်တဲ့ အကျိုးဆောင်တွေကတော့ သူတို့ Page မှာ အရောင်းပို့စ်တွေကြီး တင်တာမျိုးမဟုတ်လဲ ပညာပေးပို့စ်တွေ၊ ဈေးကွက်နဲ့ ပတ်သက်တဲ့ပို့စ်တွေ တင်တတ်ကြပါတယ်။ အဲ့လို Facebook မှာ နေ့တိုင်းလိုလို တင်တယ်ဆိုရင်တော့ သူက ဒီအိမ်ခြံမြဝန်ဆောင်မှုလုပ်ငန်းကို တစ်စိုက်မတ်မတ် လုပ်နေတဲ့ အကျိုးဆောင်လို့ သတ်မှတ်နိုင်ပါတယ်။

အနည်းဆုံး အကျိုးဆောင် ၃ ယောက်လောက်နဲ့ စကားပြောကြည့်ပါ –

ဒီလိုစကားပြောရတဲ့ အကြောင်းအရင်းကတော့ သူတို့ကို အလုပ်မခန့် ခင် အလုပ် Interview လုပ်တဲ့ သဘောပါပဲ။ အကျိုးဆောင်တစ်ယောက်နဲ့ အလုပ်မလုပ်ခင် သူတို့ဘက်က ဘယ်လိုဝန်ဆောင်မှုတွေပေးလဲ၊ ဝန်ဆောင်ခတွေ ဘယ်လိုယူလဲ၊ ဘယ်လိုအတွေ့အကြုံတွေရှိလဲ ဆိုတာတွေကို မေးမြန်းဖို့လိုပါတယ်။

Professional ဆန်တဲ့ အကျိုးဆောင်ဆီမှာ ဘယ်လိုအချက်တွေရှိသင့်သလဲ –

  • Communication ကောင်းသူ
  • Market ကို ကောင်းကောင်းမွန်မွန်နားလည်သူ
  • မိမိအိမ်ခြံမြေ လိုအပ်ချက် အပေါ်မူတည်ပြီး အကြံကောင်းကောင်းပေးနိုင်သူ

Professional ဆန်တဲ့ အကျိုးဆောင်က သင့်အတွက်ဘာကြောင့် အရေးကြီးလဲ –

အရောင်းအဝယ်တစ်ခု အောင်အောင်မြင်မြင် ဖြစ်မြောက်ဖို့အတွက်သာမက သင့်ဝယ်ယူမှု ဆုံးဖြတ်ချက်မှန်ကန်အောင် ကူညီပေးနိုင်တဲ့ အကျိုးဆောင်မျိုးကို ရွေးတတ်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် သင်ယုံကြည်ရတဲ့ အကျိုးဆောင်ကိုရှာရွေးသင့်ပါတယ်။

အကျိုးဆောင်များ မိမိအဝယ်များအတွက် ဒေတာရှာတဲ့အခါ လွယ်ကူမြန်ဆန်စေရန် ဇေယံရဲ့ ဖုန်း Application ကို အခမဲ့ Download ရယူနိုင်ပါပြီနော်..

  • အိမ်ခြံမြေ အရောင်းအဝယ်တစ်ခု ဖြစ်ဖို့အတွက် ဈေးညှိပြီးသွားပြီ၊ စာရွက်စာတန်း စစ်ဆေးပြီးသွားပြီဆိုရင်တော့ စရန်ချမဲ့ အဆင့်ကို ရောက်လာပါပြီ။ (ဆက်ဖတ်ရန် နှိပ်ပါ)……
  • လက်ထဲမှာ ငွေအပိုရှိလာလို့ ဒီငွေတွေကို အကျိုးရှိရှိ ရင်းနှီးမြုပ်နှံပြီး ချက်ချင်း Passive Income အနေနဲ့ ငွေပြန်ဖေါ်ချင်တယ်ဆိုရင် ပြန်ဌားစားလို့ ရတဲ့အိမ်ကို ရင်းနှီးမြုပ်နှံ့တာ သင့်တော်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……
  • ရန်ကုန်မြို့ထဲမှာ အိမ်ခြံမြေဝယ်မယ်ဆိုရင် ကြုံရများတဲ့ မြေအမျိုးအစားက ၃ ခု ရှိပါတယ်။ ဘိုးဘပိုင်မြေ၊ ဂရန်မြေနဲ့ ပါမစ်မြေတွေကို တွေ့ရတတ်ပါတယ်။ (ဆက်ဖတ်ရန် နှိပ်ပါ)……

Find your dream property - smarter, faster, easier!

သင့်ကိုကူညီဖို့ ဇေယံ(Zayyan) မှ အမြဲ အဆင်သင့် ရှိနေပါတယ်…

Post Views: 48